သား၏အခွင့်အရာကို ခံရသည်
အလှူရှင်တစ်ဦးက အိမ်ယာမဲ့ကလေးများအတွက် မိဘမဲ့ဂေဟာထူထောင်ပေးသောအခါ ကျွန်ုပ်ဝမ်းသာမိသည်။ ထိုပုဂ္ဂိုလ်က ပို၍ပေးလှူပြီး မိဘမဲ့ကလေးတစ်ဦးကို မွေးစား သောအခါ ကျွန်ုပ်ပို၍ ပီတိဖြစ်ရပါသည်။ မိမိ၌ အလှူရှင်ရှိခြင်းက မိဘမဲ့ ကလေးများ အတွက် ဝမ်းသာစရာဖြစ်သည်။ သို့သော် ထိုအလှူရှင်က ကူညီပေးလှူရုံနှင့် အားမရဘဲ မိမိကိုပါ လိုချင်သည်ဟု သိရသောအခါ မည်သို့ခံစားရပါ မည်နည်း။
သင်သည် ဘုရားသခင်၏သားသမီးဖြစ်ပါက ထိုခံစားချက်ကို နားလည်မည် မလွဲပါ။ ထိုအမှုအရာ သင်၌ ဖြစ်ပျက်ခဲ့သည် မဟုတ်ပါလား။ ကျွန်ုပ်တို့ကို ပျက်စီးခြင်းသို့ မရောက်စေလိုဘဲ ထာဝရအသက်ရရန် ဘုရားသခင်သည် သူ၏သားတော်ကို စေလွတ်သည့်တိုင် ကျွန်ုပ်တို့ကို ချစ်တော်မူခြင်းအမှုအားဖြင့် (ယော ၃း၁၆)ကျွန်ုပ်တို့ ပြောစရာ စောဒက တက်စရာ ဘာမှမရှိပါ။ လုံလောက်နေပြီဖြစ်သည်။ သို့သော် ဘုရားသခင်ဘက်မှ ထိုမျှနှင့် မကျေနပ်ပါ။ သားတော်ကို စေလွတ်ပြီး ကျွန်ုပ်တို့ကို ရွေးနုတ်စေခြင်းနှင့် မပြီး၊…